ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ တရုတ်ဘုံကျောင်းအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကြည့်ရှု ၊ ပြည်နယ်အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေး ရှင်းသို့ ကာကွယ်ထိန်းချုပ် ကုသရေးပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်

 

မြစ်ကြီးနား   စက်တင်ဘာ ၁၆

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ တရုတ်ဘုံကျောင်းအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးကြမည့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ် ယဉ်ကျေးမှုသင်တန်းကျောင်းတွင် တရုတ်ယူနန်ဘုံကျောင်းအဖွဲ့မှဦးဆောင်၍ ကိုယ်ထူကိုယ်ထ စရိတ်ကျခံစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစင်တာ၌  ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အသင်းအဖွဲ့အသီးသီးမှ ပူးပေါင်းဆောင် ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက် သူများအားနှာခေါင်းစည်း Mask များဖြန့်ဝေခြင်းနှင့် ယူနန်ဘုံကျောင်းအဖွဲ့နှင့် ပါဝင်ကူညီဆောင်ရွက် နေကြသည့် အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ်  ၁၁ သိန်းခွဲကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ကွင်းဆင်း၍ ကူညီဆောင်ရွက်ပေးကြမည့် ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း အဖွဲ့များအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအနေဖြင့် မိုးညှင်းခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ဖြစ်ပွားလျက်ရှိသော ကျေးရွာများနေ ပြည်သူလူထုအတွက် ယခုလိုကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး နယ်လှည့်ကွင်းဆင်းကုသပေးမည်ဖြစ်သည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိသည့်အပြင် လိုအပ်သည်များ ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့မှ ကူညီထောက်ပံ့သည့် ငွေကျပ်သိန်း ၁၀၀ နှင့် လီတာ ၄၀ ဆံ့အောက်ဆီဂျင် အိုးအလုံး ၁၀၀ ၊ Oxygen Concentrator ၅ လီတာအိုး ၅ လုံးနှင့် ၁၀ လီတာအိုး ၅ လုံးအပါအဝင် PPE ဝတ်စုံ ၂၃၀ စုံ၊ နှာခေါင်းစည်း Mask ၃၀၀၀၀၊ မျက်နှာကာ ၆၀၀၊ မျက်မှန် ၁၅၀၊ လက်အိတ် ၃၀၀၀ စုံ၊ ခြေစွပ် ၃၀၀၀၊ ခေါင်းစွပ် ၃၀၀၀၊ ဆပ်ပြာခဲ ၂၀၀၀၀ တို့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းစည်း Mask ၂၀၀၀၀၊ PPE ဝတ်စုံ ၅၀၀ စုံ၊ ရိုးရိုးဝတ်စုံ ၂၀၀၀၊ လက်ဆေးရည်ဘူး ၂၀၀၊  ခြေစွပ် ၁၀၀၀နှင့် ဆေးဝါးပစ္စည်းများကို‌ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာဘွမ်ယွမ်ထံ ထောက်ပံ့ပေးအပ်ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ကချင်ပြည်နယ်အခမဲ့ ဆေးဝါးကုသရေးဖောင်ဒေးရှင်းအနေဖြင့် မိုးညှင်းခရိုင်အတွင်းရှိ မိုးညှင်းမြို့၊ ဟိုပင်မြို့၊ မိုးကောင်း၊ နမ္မတီးမြို့များအပါအဝင် နန့်မွန်း၊  နမ္မား၊ လယ်မှီး၊ ပင်းဘော၊ နမ္မန၊ တောင်နီနှင့် ဆားမှော်ကျေးရွာများသို့ ကွင်းဆင်းကုသပေးသွားမည် ဖြစ်ကြောင်း သိရှိရ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနဝင်းအတွင်းရှိ ကချင်ပြည်နယ်အစိုးရ အဖွဲ့၏အောက်ဆီဂျင်စက်ရုံအတွင်းစက်ရုံ လည်ပတ်ထုတ်လုပ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ စက်ပစ္စည်းလိုအပ်ချက်များ ပြုပြင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)