ထားဝယ် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီ အစဉ်အလိုက်ဒုတိယ အသုတ်ပထမအကြိမ်ကိုယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ မြို့တော်ခန်းမနှင့် ရွှေဝယ်သီရိအားကစားခန်းမ၌ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရ သည်။
ကာကွယ်ဆေးများကိုအသက်(၅၅)မှ(၆၄)နှစ်အထိ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူ များ၊ ကာကွယ်ဆေး မထိုးရသေးသူများ နှင့် ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ဒုတိယ အကြိမ်ဆေးထိုး ရန်အကြောင်း အမျိုးမျိုး ကြောင့် မထိုးရသေးသူများကို ရပ်ကွက်/ ကျေးရွာ များအလိုက် သတ်မှတ် ထားသော ဆေးထိုးနေရာများတွင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ လူဦးရေ(၅၉၇၀)ဦး အားထိုးနှံ ပေးသွားမှာဖြစ်ကြောင်းဒုတိယခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဥက္ကာ ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးသောနေရာများတွင် ကျန်းမာရေး ဝန်ထမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့်ပရဟိတအသင်း အဖွဲ့များကကူညီဆောင်ရွက်ပေးခဲ့ပြီးစက်တင်ဘာ ၁၅ ရက်နေ့တွင် ထားဝယ် မြို့၊မြို့တော်ခန်းမနှင့် ရွှေဝယ်သီရိ အားကစား ခန်းမ ၌ နံနက်(၉)နာရီ မှညနေ(၄) နာရီထိ လူဦးရေ(၁၀၆၂)ဦး ထိုးနှံပေးခဲ့ကြောင်းသတင်းရရှိသည်၊၊
ကျော်ကျော်လတ်(ထားဝယ်)