ကျောက်တလုံးကြီး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ နောင်ပစ်ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိ စစ်ရေးကတ်ပြားများကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးတိုက်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက် လူဝင်မှုကြီးကြပ် ရေးမှူး ဦးဘိုမင်းဟန် နှင့်ဝန်ထမ်းများ၊ နောင်ပစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောလှနှင့်အဖွဲ့က နောင်ပစ်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈) ပြည့်ပြီးသူများကို နိုင်ငံရေးစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးနှင့် ပူးပေါင်းပြီး ကျွန်တော့်ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ လူငယ်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း” နောင်ပစ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစောလှထံမှ သိရသည်။
ခွန်အာကာ(ကျောက်တလုံး)