ခိုလမ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အမှတ်( ၁ )ရပ်ကွက်မှ အမျိုးသမီး ( ၁ )ဦး သည် ချောင်းဆိုးပြီး ခေါင်းမူးသဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ နံနက် (၁၁) နာရီ (၃၀)မိနစ် အချိန်တွင် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ရာ ဆေးရုံအုပ်ကြီးမှ Test Keit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး Positive စစ်ဆေး တွေ့ရှိခဲ့ရပါသည်။
အဆိုပါ အသက်(၃၄)နှစ် ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သော မိသားစုဝင် (၇)ဦးအားဆက်လျက် စစ်ဆေးခဲ့ရာ အသက်(၁၃)နှစ်အရွယ် အမျိုးသမီးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး Positive ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရပြီး ကျန်(၆)ဦးမှာ Negative အဖြေထွက်ရှိ ခဲ့ပါသည်။
အဆိုပါ ပိုးတွေ့လူနာ အသက်(၃၄)နှစ်နှင့်အသက်(၁၃)နှစ် အရွယ် အမျိုးသမီး ပိုးတွေ့ လူနာ( ၂ )ဦးအား ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင်ထားရှိပြီး လိုအပ်သောဆေးကုသမှုများ ပေးသွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရှိရသည်။
ခင်လေးဝင်း (ခိုလမ်)