ခိုလမ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေသော ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား( ၄ )ဦး အမျိုးသမီး(၁၁)ဦး နှင့်အမှတ်(၃) ရပ်ကွက်မှအမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်းကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၂၀)ဦးအားကျန်းမာရေး ကောင်းမွန်လာသဖြင့်ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။
အဆိုပါ ခိုလမ်မြို့အမှတ် (၁) ရပ်ကွက် နှင့် (၃) ရပ်ကွက် မှဆေးရုံဆင်းခွင့်ရ သူ(၂၀)ဦးကိုခုတင်(၁၀၀)ပြည်သူ့ဆေးရုံ အုပ်ကြီးမှHomeQuarantine(၁၀)ရက် ထပ်မံနေထိုင်သွားရန် မှာကြားပြီးဖြူစင်မေတ္တာလူမှုကူညီရေးအသင်းမှနေအိမ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းကိုမြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရှိရသည်၊။
ခင်လေးဝင်း(ခိုလမ်)