ခိုလမ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်း

ခိုလမ်  စက်တင်ဘာ     ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများ များပြားလာသဖြင့် ခိုလမ် မြို့မဈေးအား ယမန်နေ့ ညနေ (၄)နာရီ(၃၀)မိနစ် အချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ  ဆောင်ရွက်မှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇင်မင်းဦးနှင့် တပ်ဖွဲ့ဝင် ( ၅ ) ဦးတို့ပူးပေါင်းကာ ပိုးသတ်ဆေး ( ကလိုရင်းအမှုန့်Bleaching Powder )  အား ဈေးပတ်ပတ်လည်ရှိ ဆိုင်တန်းများ၊ လမ်းများအား  ပိုးသတ်ဆေးဖြန်းပေးခဲ့ကြောင်း သိရပါသည်။

ခင်လေးဝင်း ( ခိုလမ်)