ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကျင်းပ

ကာမိုင်း   စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကိုဗစ်-၁၉ ရောဂါပိုး ပျောက်ကင်းသူနှင့် တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်ကို ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်သက်ဦးက အသိပညာပေးလုပ်ငန်းများကို Online မှတဆင့် လွှင့်တင်ဆောင်ရွက်ပေးနေမှုများကို ပြောကြားသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုး ပျောက်ကင်းသွားသည့် ကြက်ခြေနီတပ်ဖွဲ့မှ လူငယ်ခေါင်း ဆောင်ကိုမင်းမင်းထွန်းက ၁၉--၂၀၂၁ ရက်နေ့တွင် ကြက်ခြေနီအသင်းတွင် လှုပ်ရှားဆောင် ရွက်သည့် RDT Tesk Kit ဖြင့် ရောဂါရှာဖွေခြင်း၊ ရောဂါပိုးတွေ့ရှိသည့် အိမ်များအား ပိုးသတ်ဆေးဖြန်းပေးရာ၌ ဆောင်ရွက်ခြင်း၊ ဆေးထိုးစုရပ်တွင် ပါဝင်ဆောင်ရွက်ခြင်းများမှ ရောဂါကူးစက်ခံရကြောင်း၊ ရောဂါစဖြစ်သည့် အခါတွင် ကိုယ်လက်လှုပ်ရှားရာ၌ မောပန်းခြင်း၊ ညအချိန်ချမ်းဖျားတက်ခြင်း၊ ခေါင်းကိုက်ရာတွင် ပုံမှန်ခေါင်းကိုက်ခြင်းထက် နှစ်ဆဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ တစ်ပတ်တိတိ အနံ့ပျောက်ခြင်း စသည်များကို ခံစားခဲ့ ရကြောင်း၊ မိခင်မှာလည်း နှလုံးရောဂါအခံရှိနေသောကြောင့် ဆေးရုံသို့ တက်ရောက်ကု သရကြောင်း၊ မိသားစုဝင်(၁၂)ဦးအနက် (၁၀)ဦးထိ ကူးစက်ခံခဲ့ရကြောင်း၊ ကျန်းမာရေးဌာနမှ ပေးသည့်ဆေးဝါးများကို သောက်သုံးခဲ့ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင် ရွက်ခဲ့သည့်အတွက် ယခုအချိန်တွင် အားလုံးရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်းနှင့် ရောဂါပိုးပျောက်ကင်းသွားသည့်နောက်တွင် ကိုယ်လက် လှုပ်ရှားမှုပြုရာတွင် အနည်းငယ်မောပန်းနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းများ ခံစားရပါကြောင်းစသည့် ရင်တွင်းခံစားချက်များကိုပြော ကြားခဲ့သည်။

ကာမိုင်း (ပြန်/ဆက်)