ပင်လောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ပင်လောင်း     ဩဂုတ်   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပင်မွန်းကျေးရွာအုပ်စုနှင့် စင်းတောင်းကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၈) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့်သူများအား သစ္စာစီမံချက်ဖြင့် ယမန်နေ့က ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်ဆန်းလင်း ဦးဆောင်သော အဖွဲ့မှ ပင်မွန်းကျေးရွာအုပ်စုရှိ ကျေးရွာ များမှ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသည့် ကျား(၁၉)ဦး၊ မ(၂၄)ဦး စုစုပေါင်း(၄၃)ဦး၊  ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဦးဘူးရယ် ဦးဆောင်သောအဖွဲ့က စင်းတောင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသေးသည့် ကျား(၃၆)ဦး၊ မ(၄၃)ဦး စုစုပေါင်း(၇၉)ဦးအား သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာ အုပ်စုများကိုလည်း အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်