နေရပ်သို့ ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဉီးကို မြန်မာဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းပို့ဆောင်ပေး

တာချီလိတ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဉီးကို မြန်မာတာဝန်ရှိသူများမှ ယမန်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၂)မှတစ်ဆင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထိုင်းအမျိုးသမီးနှစ်ဉီးသည် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားသေးမီအချိန်က တာချီလိတ် မြို့သို့ တရားဝင်အထောက်အထားများဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင် နေထိုင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ယခုအချိန်၌ မိခင်ထိုင်းနိုင်ငံသို့ နေရပ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

 

နေရပ်ပြန် ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဉီးကို တာချီလိတ်မြို့ လဝကဌာနခွဲ(၆)မှ လက်ထောက်ညွန်ကြားရေးမှူး ဉီးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူတို့က ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ တံတား (၂) တာဝန်ခံ ရဲအရာရှိဉီးဆောင်သည့် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)