လဲချားတွင် ကျေးရွာများအရောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

လဲချား   စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့်ကျေးရွာများအရောက် အိမ်ထောင်စု၊ လူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ပန်ဆန်းကျေးရွာအုပ်စုနှင့်မြို့မကျေးရွာအုပ်စုတို့တွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့​သည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများမှ ပန်ဆန်းကျေးရွာအုပ်စု (နောင်လိုင်)ကျေးရွာ ပန်းခင်းပရဟိတလူငယ်များအဖွဲ့နှင့်ပူးပေါင်း၍  နိုင်ငံသားစိစစ်ရေးကတ် (၁၀၇)ကတ်ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့မအုပ်စုအတွင်းရှိ(ဟိုနောင်လုံ၊ဟိုနောင်အွမ်၊ဟိုရင်) ကျေးရွာများရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ပြုလုပ်ပေးနိုင်ရန်အတွက် ရှေ့ပြေးလျှောက်လွှာများ ဖြန့်ဝေပေးခြင်းကို ပန်းခင်းပရဟိတလူငယ်များအဖွဲ့မှ အဖွဲ့(၃)ဖွဲ့ခွဲ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် (၃-၅-၂၀၂၁)ရက်နေ့ကစတင်၍ နိုင်ငံသားစိစစ်ရေးကတ်များကို အခမဲ့ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

လွှမ်းသူနောင် (လဲချား)