မိုင်းငေါ့ အ. ထ .က ကျောင်းသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး (Mask)နှာခေါင်းစည်းများ လာရောက်လှူဒါန်း

မိုင်းငေါ့    ဩဂုတ်၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန်အတွက် မိုင်းငေါ့ အ.ထ.က ကျောင်းသို့ ယနေ့ နံနက် (၁၀) နာရီအချိန်က (Mask) နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအတွက် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန် မိုင်းငေါ့မြို့ ဈေးရပ်ကွက်နေ ဦးစိုင်းအောင်ခင်နှင့်ဇနီး ဒေါ်နန်းမြအုံ မိသားစုများမှ (Mask) နှာခေါင်းစည်းများကို လာရောက် လှူဒါန်းရာ ဆရာမ ဒေါ်နန်း‌ထွေးလင်းကြည်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)