နောင်တရားချောင်းအတွင်းသို့ ငါးသားပေါက်(၈၀၀၀)ကျော် လွှတ်ပေး

နောင်တရား   စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အတွင်းသို့ ဖြတ်သန်းစီးဆင်းနေသည့် နောင်တရားချောင်းအတွင်းသို့ ငါးမျိုးစိတ်များ မပျောက်ကွယ်စေရေးအတွက် ဒေသခံများက ငါးသားပေါက်များလွှတ်ပေး ခဲ့သည်။

ကန်တန်ကျေးရွာမှ စတင်စီးဆင်းလာပြီး နောင်တရားမြို့သို့ ဖြတ်သန်းစီးဆင်းလာသည့် နောင်တရားချောင်းအတွင်းတွင် ငါးမျိုးစိတ်များ မပျောက်ကွယ်စေရေးအတွက် ဒေသခံ အလှူရှင်များ စုပေါင်း၍ ညောင်ရွှေမြို့မှ ငါးမွေးမြူရေးစခန်းမှ ငါးသားပေါက် (၈၀၀၀) ကျော်ဝယ်ယူပြီး နောင်တရားချောင်းအတွင်းသို့ လွတ်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ချောင်းသည် နွေရာသီတွင် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်း ပိုမိုဆောင်ရွက်ခြင်းကြောင့် ချောင်းရေ ခန်းခြောက်မှု ကြုံတွေ့လျက်ရှိသည်။

ခွန်အောင် (နောင်တရား)