ကွန်ဟိန်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသခြင်းအား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးမှတ်တမ်းများ၊ သက်ကြီးရွယ်အိုများ သိထားသင့်သည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြည်သူများသိသင့်သိထိုက်သည့် အချက်များအား ရှမ်း+မြန်မာဘာသာ ဖြင့် အသိပညာပေးစာစောင်များ ထည့်သွင်းဖော်ပြထားပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး နံရံကပ်စာစောင်ပြသခြင်းအား လစဉ်အသစ်လဲလှယ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ပြည့်(ပြန်/ဆက်)