စမ်းချောင်း သြဂုတ် ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဦးရေစာရင်းနှင့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးတို့အတွက် စမ်းချောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်သည် ယနေ့၊ မွန်းလွဲ(၁)နာရီ အချိန်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို မှာကြားခဲ့ သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်သည် စမ်းချောင်းမြို့နယ် (၁၈)ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် မဲရုံ(၅၂)ရုံကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)