ဘောဂလိ ဩဂုတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ သပြေညွန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ မိုးသီနှံများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်းနင်းခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းတွင် သပြေညွှန့်ကျေးရွာအုပ်စုနှင့် မဲတင်းတိမ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများ၏ မိုးသီးနှံများဖြစ်သော မိုးစပါး၊ နှမ်း၊ မြေပဲ၊ နနွင်း စသည့် သီးနှံစိုက်ခင်းများအား အပင်ပြုစုစောင့်ရှောက်ခြင်းနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနည်းပညာများ ပြသဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် မိုးတွင်းကာလမိုးသီးနှံများတွင် ဖြစ်ပွားတတ်သော ပိုးမွှားအန္တရာယ်ကျရောက်ခြင်း၊ အပင်သေခြင်းနှင့် သီးနှံများအဖျဉ်းနည်းခြင်းများမှ ကြိုတင်ကာကွယ်ပေးပြီး အပင်များပိုမိုရှင်သန်ပြီး အထွက်နှုန်းလည်း ကောင်းစေသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရပါသည်။
နီလာအေး (ပြန်/ဆက်)