နွားထိုးကြီး စက်တင်ဘာ ၁၅
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီး မြို့နယ်၊ ပဲချက်ကျေး ရွာ၊အထကတွင် အနံ့ပျောက်၍ဖျားနေသူ (၉၈)ဦးကိုစစ်ဆေးရာ (၁)ဦးတို့တွင်ပိုးတွေ့ပြီး ဆက်လက်၍ ရွာကြီးကျေးရွာ၊အထကတွင်လည်း (၇၈)ဦးကို စစ်ဆေးခဲ့ရာ(၁၇)ဦးကို (RDT ) ဖြင့်ယမန်နေ့ ညနေ ၃နာရီအချိန် တွင်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၆)ဦးတို့သည် နေမကောင်းပြီး အနံ့ပျောက်နေ သဖြင့် နွားထိုးကြီးမြို့နယ်၊ပြည်သူ့ ဆေးရုံတွင် (RDT) ဖြင့် စစ်ဆေးရာကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့်နွားထိုးကြီးမြို့၊ပြည်သူ့ဆေးရုံ အထူးကုသဆောင် မြို့နယ် အားကစားခန်းမ၊မြို့မ-အထက၊ မြို့ရှေ့-အမက၊ရွာကြီးအ.ထ.ကကျောင်းတို့တွင် နေအိမ်တွင်း သီးသန့်ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။ နွားထိုး ကြီး မြို့ ပြည်သူ့ဆေး ရုံ တွင်ရောဂါပျောက်ကင်း သဖြင့် ဆေးရုံ မှဆင်းခွင့်ရသူ (၂၁၅၄) ဦး၊ဆေးရုံတက် ကုသသူ (၂၆၀၀) ဦး၊သေဆုံးသူ(၄၆)ဦး၊ လက်ရှိဆေး ကုသမှုခံယူသူ (၄၀၀)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်