ငါန်းဇွန် စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က လာရောက် ပြသသော အနံ့ မရသူ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်သူ(၁၄)ဦးတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ် ကွက်မှ အနံ့မရသူ အသက်(၆၅)နှစ် အမျိုးသား (၁)ဦးနှင့် အသက်(၆၈)နှစ် အမျိုးသမီး(၁)ဦး၊ အမှတ်(၂)ရပ် ကွက်မှ အသက်(၆၇)နှစ် အမျိုးသမီး(၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အနံ့မရသူအသက်(၁၅)နှစ် အမျိုးသား (၁)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါပိုးတွေ့လူနာ(၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိစပ်သူ(၂)ဦးအား Strict Home Quarantine ထားရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ဇွန်(၂၈)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၇၈၇)ဦး ရှိပြီဖြစ်ပြီး ကုသမှုခံယူနေသူ(၂၇)ဦး၊ ရောဂါသက်သာ၍ သတ်မှတ်ကာလပြည့်သည့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၇၁၄)ဦးနှင့် သေဆုံးသူ (၄၆)ဦး ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)