အင်းစိန်မြို့နယ်၌ အုတ်ရေမြောင်း ပြုလုပ်ခြင်းဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ အုတ်ရေမြောင်းပြုလုပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် မြို့နယ်ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးဟန်ကျင် တာဝန်ယူ ဆောင်ရွက်နေသော မြို့သစ်(က+ခ)ရပ်ကွက်၊ (က/၇)လမ်း အုတ်ရေမြောင်း ပြုလုပ်နေသော လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ ပြီးစီးမှုရှိစေ ရေး အလေးထား ဆောင်ရွက်ရန် စသည်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)