မြဝတီ ဩဂုတ် ၁၄
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းက မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီမြို့နယ်အတွင်း Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝမ်ခဟောင်းကျေးရွာရှိ ကွန်ကရစ်လမ်းခင်းကျင်းခြင်းအားလည်းကောင်း၊ တောအုပ်ကျေးရွာ ကျေးရွာတွင်းလမ်း သဲ၊ ကျောက်ခင်းကျင်းခြင်းတို့အား မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းများအား သတ်မှတ်သည့်စံချိန်စံညွှန်းများ ကိုက်ညီမှုရှိစေရန် မှာကြားခဲ့ပြီး လိုအပ်သည်များကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)