ရန်ကင်းမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကင်း  စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား လူမှုဖူလုံရေး အစီအစဉ်ဖြင့် ယနေ့နံနက် (၉)နာရီအချိန်က မိုးကောင်း ဘုရားဝင်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ  စက်ရုံ၊အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား ယမန်ရက်နေ့အထိ( ၆၁၉)ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံမည့်သူ မကျန်ရှိစေရေးအတွက်  ဆက်လက် ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ထိုသို့ထိုးနှံပေးရာတွင်လည်း ရန်ကင်းမြို့နယ်အတွင်းရှိ  စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများအား ရောဂါကူးစက်ခံရမှု မဖြစ်ပေါ်စေ​ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ် စေရေးအတွက် လူမှုဖူလုံရေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။ ဆေးလာရောက် ထိုးနှံသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံစေရေးအတွက် မြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်းများကို ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး