မိုင်းယောင်းမြို့နယ်တွင် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံမည်

မိုင်းယောင်း စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေးအတွက် ဦးတည်အုပ်စုများ သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစ၍ တိုင်းရင်းသားပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အ.ထ.က(မိုင်းယောင်း)စုရပ်တွင် အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉)ရပ်ကွက်များနှင့် ပါဟုတ်အုပ်စုမှ ပြည်သူ ၇၅ ဦး၊ အ.လ.က(တပ်တွင်း) ဘောလုံးကွင်းစုရပ်တွင် ဟောင်ကြန့်၊ မုန်းလိုက်နှင့် ဝမ်ကောင်းအုပ်စုများရှိ ပြည်သူ ၂၃၀ ဦး၊ ဝမ်ပုံရွာ ဘုန်းကြီးကျောင်းစုရပ်တွင် ဝမ်ဘိုးအုပ်စုမှ ပြည်သူ ၁၁၀ ဦး၊ ဟိုရမ်းရွာ ဘုန်းကြီးကျောင်း စုရပ်တွင် ဝမ်တပ်၊ ဟွေဖ၊ ဝမ်အင်အုပ်စုများမှ ပြည်သူ ၁၁၅ ဦး၊ ဝမ်မန်းရွာ ဘုန်းကြီးကျောင်းစုရပ်တွင် ဝမ်မန်းအုပ်စုမှ ပြည်သူ ၇၅ ဦး၊ မိုင်းယု တိုက်နယ်ဆေးရုံစုရပ်တွင် မြို့မရပ်ကွက်နှင့် မိုင်းလွေ၊ ဒွန်းနွဲ့၊ တာကြန့်အုပ်စုများမှ ပြည်သူ ၄၅ ဦးတို့က ကာကွယ်ဆေး လာရောက်ထိုးကြမည်ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သော ကာကွယ်ဆေးထိုးနှံမှု ကြီးကြပ်ရေးအဖွဲ့များ၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)