သာစည်မြို့နယ်တွင်ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ လိုက်နာကြရန် အသံချဲ့စက်ဖြင့်လှည့်လည်အသိပေး နှိုးဆော်

သာစည် စက်တင်ဘာ ၁၅

 မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ပြည်သူများ ကိုဗစ် -၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ပူးပေါင်းလိုက်နာကြခြင်းဖြင့် ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီက  ယမန်နေ့ညနေပိုင်းက မြို့ပေါ် ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့်လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တတ်နိုင်သမျှမိမိအိမ်၌သာနေရန်၊ ဧည့်သည်လက်ခံခြင်းနှင့်ဧည့်သည် အဖြစ်သွားရောက်ခြင်း မပြုရန်၊ နေအိမ်ပြင်ပထွက်ခွာရပါက  ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရန်၊  လူစုလူဝေးရှောင်ကြဉ်ရန်၊   လက်ကိုစက္ကန့် ၂၀ ကြာစနစ်တကျဖြင့်မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေခွာနေရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချိုသွေးတိုးနှလုံး စသည်  နာတာရှည် ရောဂါရှိသူများကို  ပါးစပ်နှင့်နှာခေါင်းစည်း(Mask)တပ်ဆင်ထားစေရန်နှင့် လေဝင်လေထွက် ကောင်းမွန်သောနေရာတွင်ထားရန် စသည်ဖြင့်  ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီလိုက်နာ

ကြရန်နှင့်  ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံခြင်းကို   အကြိမ်ပြည့်ခံယူကြရန်၊   ကာကွယ်ဆေး ထိုးနှံပြီးပါကလည်း ကာကွယ်ရေးနည်းလမ်းများကို လိုက်နာသွားကြရန် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။ 

  မြို့နယ်(ပြန်/ဆက်)