တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

တီးတိန် စက်တင်ဘာ ၁၅

ချင်းပြည်နယ် တီးတိန်မြို့၌ ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက် ၉နာရီမှ စတင်၍ မြို့နယ်ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးရာတွင် အသက်၆၅နှစ်အထက် ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ဘာသာရေးအသင်းဆရာတော်များ၊ စုစုပေါင်း(၁၄၅) ဦးအား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့‌ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဒိုင်းဒိမ့်