တာချီလိတ်၌ လာအိုနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၀၂)ဦးအား ဓာတ်ခွဲနမူနာများ ရယူစစ်ဆေး

တာချီလိတ်   စက်တင်ဘာ    ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် လာအိုနိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူ(၂၀၂)ဦးအား နှာခေါင်းနှင့် အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာများ ရယူစစ်​ဆေးခြင်းကို ယမန်နေ့က ဝမ်လုံး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများ၏ ဓာတ်ခွဲနမူနာ Swab များအား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရယူ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ပို့ဆောင်၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းနေရပ်ပြန် ပြည်သူများသည် လာအိုနိုင်ငံမှ  စက်တင်ဘာလ (၁၁) ရက်နေ့က တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်း မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာခဲ့သူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိRapid Test Kit စနစ်ဖြင့် ပထမအ​ကြိမ် စစ်ဆေးခဲ့ပြီး ယခုတွင် ဒုတိယအကြိမ်အဖြစ် ဓာတ်ခွဲနမူနာ Swab များ ရယူစစ်ဆေး​ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)