မိုင်းဖြတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးလှဝင်းသည် ယမန်နေ့ ညနေ၃နာရီခွဲ အချိန်ခန့်က မိုင်းဖြတ်မြို့နယ်တွင်း စိုက်ပျိုး ထားရှိသော မျိုးစေ့ထုတ်စိုက်ခင်းများနှင့် သုတေသနစမ်းသပ်ကွက်များကို ကွင်းဆင်းစစ်ဆေးကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့သည်။ ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက မျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် မျိုးကွဲ နုတ်ပယ်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ရေး၊ မျိုးစေ့ထုတ် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရေးနှင့်ထွက်ရှိလာ သောမျိုးများအား စနစ်တကျ သန့်စင် သိုလှောင်၍ မျိုးအဖြစ်ဖြန့်ဖြူးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းကို ဆင်းဧကရီ(၃)စပါးမျိုးဖြင့် ကျေးရွာ အုပ်စု(၂)အုပ်စုမှ တောင်သူ(၁၂)ဦးဖြင့် (၂၅)ဧကကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း အဆိုပါ ဆင်းဧကရီ(၃) စပါးမျိုးကို တောင်သူအများစုက အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအေး