မိုးညှင်း စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အခမဲ့အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန်အတွက် ဒေသခံမြို့သူမြို့သားများ၊ လုပ်ငန်းရှင် များ၊ စေတနာအလှူရှင်များနှင့် အခြားနယ်ဝေးမှ အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် မှာယူထားသော အောက်ဆီဂျင်စက်ပစ္စည်းများတင် ဆောင်လာသည့်ကားမှာ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးမှ စတင်ထွက်ခွာလာ ပြီဖြစ် ကြောင်းသိရသည်။
အဆိုပါ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများကို ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်၊ လမ်းသွယ်(၃)နေရာ၌ အောက်ဆီဂျင်စက်ထားရှိနိုင်ရေး တည်ဆောက်ဆဲနေရာ တွင် အောက်ဆီဂျင်စက်ရုံအဖြစ် တပ်ဆင်ထားရှိသွားမည်ဖြစ်ရာ အောက်ဆီဂျင်စက်ပစ္စည်း၏ တန်ဖိုးငွေကျပ် သိန်းပေါင်း(၉၅၀)ခန့်ရှိ O2 plant 30nm3/hr စက်အမျိုးအစားဖြစ်၍ (၄၀) Litre ဆံ့အောက်ဆီဂျင်အိုးကို တစ်နာရီမှာ ငါးလုံးနှုန်းဖြင့် တစ်ရက်လျှင် အောက်ဆီဂျင် အိုးအလုံးရေ (၁၂၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုစက်ရုံရာနှုန်းတည်ဆောက်တပ်ဆင်ပြီးစီးပါက မိုးညှင်းမြို့နယ်အပြင် မြို့နယ်နှင့် နီးစပ်သည့်အခြားဒေသများမှ အရေးပေါ်အောက်ဆီဂျင် လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်တော့ မည်ဖြစ် ကြောင်း၊ စက်လည်ပတ်နေစဉ်အတွင်း အရေးပေါ်အောက်ဆီဂျင်လိုအပ်သူများအနေဖြင့် အချိန်မရွေးအခမဲ့ လာရောက်လေဖြည့်သွင်းနိုင်ပါ ကြောင်း မိုးညှင်းမြို့အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းဌေးထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)