ရန်ကုန် သြဂုတ် ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ အတွင်း ၌ ပြည်သူများ စား၊ ဝတ်၊ နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ် သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် (တတိယ အကြိမ်) ထောက်ပံ့သည့် တစ်အိမ် ထောင်လျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) စီကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)အတွင်း စနစ်တကျ စာရင်းကောက်ယူထား သည့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၅၈၉၆)အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)စီဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁၁၇၉၂၀၀၀၀) ကျပ်အား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်း၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မိမိတို့ရပ်ကွက်များအလိုက် လူစုလူဝေးမဖြစ်စေရန်အတွက် စနစ်တကျဖြင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)