မေတ္တာ စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ စေတနာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် အမှတ်(၁) ရပ်ကွက်တွင်နေထိုင်သော ကိုဗစ် -၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်သက်သာလာသူနော်ဖောလို၏ ပြောကြားချက်ရင်တွင်း စကားသံကို ပြန်လည်တင်ပြအပ်ပါသည်။
ကျွန်မကတော့နော်ဖောလို ဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၊အာဇာနည်လမ်းမှာ နေထိုင်သူတစ်ဦးဖြစ် ပါတယ်။ အသက် (၇၀)နှစ်ရှိပါပြီ။န ေ့စဉ်အိမ်အလုပ်လည်းလုပ်ရင်းမြေးတွေထိန်းရင်းနဲ့ နေထိုင်သူ ဖြစ်ပါတယ်။အိမ်မှာ မိသားစုဝင်(၆)ဦးနေထိုင်ပြီး ဇူလိုင်၁၄ရက်နေ့မှာ နေမကောင်း ဖြစ်တယ်။(၂)ရက်လောက်ကြာတော့လည်ချောင်းတွေနာပြီး ချောင်းဆိုးပါတယ် နောက်ရက် တွေမှာ အနံ့လည်းပျောက်ပြီး သက်ဆိုင်ရာအသင်းအုပ်ဆရာကိုအ ကြောင်း ကြားခဲ့ပါတယ် အသင်းအုပ်ဆရာကနေ ကော်မတီကိုအကြောင်းကြားပေးပြီး ကော်မတီကကားနဲ့ လာခေါ်ပါ တယ်။နောက်ဆေးခန်းတစ်ခန်းကိုခေါ်သွားပြီး ကိုဗစ် -၁၉ ရောဂါပိုးရှိ/မရှိသွားရောက်စစ်ဆေး ခဲ့ပါတယ်။ ဘယ်အချိန် ဘယ်နေရာမှာဘယ်လိုကူးစက်လာမှန်းမသိတဲ့ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့ပါတယ်။ ရောဂါဖြစ်နေစဉ် မိမိအိမ်မှာပဲနေထိုင်ပြီးဆေးဝါးကုသမှုခံယူပါတယ်ကော်မတီနှင့် သက်ဆိုင်ရာ များကအခါအားလျော်စွာလာရောက်ကြည့်ရှုပြီး အားပေးစကားပြောပါတယ်။ အောက်စီဂျင်ကျတာမရှိတော့ အောက်စီဂျင်မရှူခဲ့ရပါဘူး၊ အသက်ရှူလေ့ကျင့်ခန်းလည်း လုပ်တယ်၊အားတဲ့အချိန် တတ်နိုက်သလောက်သမ္မာကျမ်းစာဖတ်တယ်၊ ဆုတောင်းတယ်၊ အိမ်ဝင်း ထဲလမ်းလျှောက်ခြင်းတွေ လုပ်ဖြစ်ပါတယ်၊ အားရှိတဲ့အစားအစာတွေစားပါတယ် ၊အလှူရှင်များက အခြေခံစားသောက်ကုန်များနှင့်လာရောက်လှူဒါန်းပေးတဲ့အစားအစာများ မစားချင်ရင် ဆန်ပြုတ်သောက်ပါတယ်၊ မိသားစုနဲ့ အတူ(၁၄) ရက်အကြာအိမ်မှာ Home Quarantine နေထိုင်ရပါတယ်၊ မိသားစုတွေမှာအနည်းငယ်ဖျားတာတို့ နှာစေးတာတို့ရှိပြီး ဆိုးဆိုးဝါးဝါးတော့မဖြစ် ဘူး။ကာကွယ်ဆေးမထိုးရသေးပါဘူး၊ပိုးတွေ့ပြီးသူကို သီးခြား ထပ်ထိုးပေးမယ်သိရတော့ ထိုးခွင့်ရတဲ့အခါထိုးမှာပါ။ အခုတော့ ပုံမှန်နေ့စဉ်လုပ်ငန်းတွေပြန် လုပ်နေပါပြီ၊မောတာမျိုးလည်းမရှိပါဘူး၊ Home Quarantine အတွင်း အစစအရာရာ အဆင်ပြေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ စေတနာ့ဝန်ထမ်းများနဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ်၊ကိုဗစ် -၁၉ ရောဂါ ဟာကြောက်စရာရောဂါမဟုတ်ပဲ ၊စိတ်ဓာတ်ခိုင်မာဖို့၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန် ချက်ကို လိုက်နာဖို့နဲ့ကာကွယ်ဆေးသာထိုးထားမယ် ဆိုရင် အသက်ဆုံးရှုံးသည် အထိဖြစ်ဖို့မရှိပဲ ကာကွယ်ဆေးထိုးခွင့်ရတဲ့အချိန်ထိုးထားကြပါ အကြံပြုချင်ပါတယ်လို့ နော်ဖောလို က ပြောပါသည်။
မေတ္တာ(ပြန်/ဆက်)