ရွှေပြည်သာ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပြည်သူများ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်တွင် စာရေးဆရာ ကျော်ဝင်းရေးသားသော ‘နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ် ဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Center)တွင် ကျင်းခဲ့သည်။
စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရ ခြင်း၏ ရည်ရွယ်ချက်များ ပြောကြားပြီး နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်တွင် လူငယ်များနှင့် ပက်သက်၍ ကိုယ်စိတ်နှလုံး ဝိဉာည်များကို ပြုမှုနေထိုင်ကျင့်ကြံ တတ်စေရန် ရေးသားထားကြောင်း အခက်အခဲများနှင့် ကြုံတွေ့လာ ပါကလဲရင်ဆိုင် ဖြေရှင်းတတ် စေရန်၊ ဇွဲမလျော့ဘဲ ကြိုးစားမည် ဆိုပါကအောင်မြင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် CIub အဖွဲ့ဝင်များက တက်ကြွပါ၊ ကြွတက်တာ မဖြစ်စေနဲ့ လဲရင်ပြန်ထ၊ ကြောက်စိတ်ကိုအနိုင်ယူ၊ အကောင်းအဆိုးကိုခွဲခြား၊ နားနှစ်ဖက်နှင့် ပါးစပ်တစ်ပေါက် တောင်ကြီး သုံးလုံး စသည့်အကြောင်းအရာတို့ကို ဝိုင်ဝန်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ CIub အဖွဲ့ဝင် (၁၂)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)