မိုးနဲ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက နေအိမ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူနှင့်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၀၆ ဦးအား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းစီဖြင့် (ဧပြီ၊ မေ၊ ဇွန်) ၃ လစာအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသောကျေးရွာများသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ရပ်/ကျေး စာရေးဝန်ထမ်းများထံမှတစ်ဆင့် ထောက်ပံ့ပေး လျက်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)