သာစည်မြို့နယ်ဆည်ကြီးကျေးရွာ Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက်၌ ကွင်းသရုပ်ပြပွဲ အပင်ရွက် ဖျန်းအားဆေးများထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်း ပြုလုပ်

သာစည် စက်တင်ဘာ ၁၄

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆည်ကြီး(မ)ကျေးရွာ Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက်ကွင်းသရုပ်ပြပွဲတွင် အပင်ရွက်ဖျန်း အား ဆေးများ ထောက်ပံ့ခြင်းနှင့်စိုက်ပျိုးရေး အသိပညာပေးခြင်းတို့ကို ယနေ့ နံနက် ၈ နာရီက အဆိုပါစံပြကွက်ကွင်းအမှတ် ၁၈၂၃ ၌   ပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်ဦးစိုးဝင်းအောင်တို့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက် အတွက် တစ်ဧကလျင် ၃ ထုပ် ထောက်ပံ့ပေးသော အပင်ရွက်ဖျန်းအားဆေးထုပ်များကို တောင် သူများထံပေးအပ်သည်။

 

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်မိုးမိုးငွေက  မိုးရွာသွန်းမှုကြောင့် ဝါစိုက် ခင်းများ  ထိခိုက်ပျက်စီးမှု  မရှိစေရန်  အပင်ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားပြီး  ဒုတိယဦးစီးမှူး ဦးအောင်ကျော်စိုးကအပင်ပြုစုနည်းများ၊ ပိုးသတ်ဆေးသုံးစွဲမှုနှင့် ဓါတ်မြေဩဇာသုံးစွဲမှုနည်းပညာများစသည့် စိုက်ပျိုးရေးနည်း ပညာများ ကိုကွင်းအတွင်း၌ လက်တွေ့ပြသကာ ပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

   

အဆိုပါ Quick Win မိုးနှောင်းဝါမျိုးစေ့ထုတ်ဧက ၁၅၀ စံပြကွက်ကို တောင်သူ ၃၈ ဦးက စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း သိရသည်။     

 

မြို့နယ်(ပြန်/ဆက်)