ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန် လှူဒါန်း

 

ခမောက်ကြီး      စက်တင်ဘာ ၁၁ရက်၊

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်တွင် ယနေ့ နံနက်၉နာရီခန့်က ကိုဗစ်-၁၉ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန် များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ခမောက်ကြီးမြို့အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် ဦးဝင်းမင်းခိုင်+ဒေါ်အေးစိုးမိသားစုမှ ရပ်ကွက်အတွင်းရှိရပ်ကွက်နေ ပြည်သူတို့အားအခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်သွန်နီ (၅၄)ပိဿာနှင့်ကြက်ဥ(၄၅၀)လုံး တို့အား  အိမ်ထောင်စု ( ၈၀)အတွက် တစ်အိမ် ထောင်စုလျှင်ကြက်သွန်နီ(၅၀)ကျပ်သား၊ကြက်ဥ(၅)လုံးတို့ကို ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရ သည်။

ရူပါမြင့်(ပြန်/ဆက်)