ဇမ္ဗူသီရိ စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက “မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နီလာစိုးက “မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)နှင့် တရားလွှတ်တော်ရှေ့နေ ဆရာမ ဒေါ်ဝင့်ဝင့်အေးတို့က မသန်စွမ်း အမျိုးအစားများ၊ မသန်စွမ်းသူများအတွက် ပြဌာန်းထားသည့် အခွင့်အရေး ဥပဒေများ၊ မသန်စွမ်းသူများရဲ့ ပညာရေးနှင့်ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးများ၊ မသန်စွမ်းသူများရဲ့ ပညာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများရဲ့ နိုင်ငံရေးနဲ့ ပြည်သူ့ရေးရာနယ်ပယ်များမှာ ပါဝင် ဆောင်ရွက်ခွင့်၊ မသန်စွမ်းသူများရဲ့ အလုပ်အကိုင် ရရှိမှုအခြေအနေများနှင့် မသန်စွမ်းသူ များအပေါ် ခွဲခြားဆက်ဆံခြင်း၊ အနိုင်အထက် ပြုကျင့်ခြင်းများရှိခဲ့ရင် ဥပဒေအရ အကာအကွယ်ပေးနိုင်မှု စသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ ကြကြောင်း သိရှိ ရသည်။
မြို့နယ် (ပြန်/ဆက်)