ကာလိမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ

ကာလိ   သြဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၄ ရက်နေ့ မှ စတင်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကာလိမြို့ရုံး နံရံကပ်စာစောင် ပြဘုတ်များ ဖြင့် ခင်းကျင်းပြသထားလျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မိမိဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များပြသထားကာ နံရံကပ် စာစောင် များတွင် လူကုန်ကူးမှု ပေါ်ပေါက်လာပုံ၊ လူကုန်ကူးမှုကျူးလွန်ပါက ချမှတ်ခံရမည် ဥပဒေ ပြစ်မှုပြစ် ဒဏ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ ပြည်ပသို့ တရားမဝင်သွားရောက် ခြင်း၏ ဆိုးကျိုးများ၊ လူကုန်ကူး ခံရပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် ဖုန်းနံပါတ်များ စသည့်လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ ပြည်စုံစွာ ပြသဆောင်ရွက်ထား လျက် ရှိကြောင်း သိရသည်။

ဝင်းကျော် (ကာလိ ပြန်/ဆက်)