နမ့်ခမ်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှစ၍ အသက် (၁၈)နှစ်အထက် ပြည့်သူများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းပျောက်ကင်း စေရေးအတွက် နမ့်ခမ်းမြို့ရှိ ပြည်သူများမှ ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန် ကာကွယ်ဆေး အလုံးရေ (၆၀၀)လုံး လူဦးရေ(၁၂၀၀)ဦးစာ ရောက်ရှိပြီး ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမ၊ ပေါက်တင်မ ရပ်ကွက် လူငယ်ခန်းမနှင့် အ.ထ.က(၁) ကျောင်း ခန်းမတို့၌ (၃) နေရာခွဲပြီး မြို့ပေါ်ရှိ အသက်(၁၈)နှစ်အထက် ပြည့သူများနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ် ပြည့်သူများနှင့် နို့တိုက်မိခင်များ ထိုးနှံနိုင်ပြီး သွေးတိုးရောဂါရှိသူများအနေဖြင့် အလွန်အမင်း သွေးမတိုးသူများ၊ ဆီးချိုရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ၊ ကင်ဆာဝေဒနာရှင်များနှင့် ခုခံအား ကျဆင်းရောဂါ ခံစားနေရာသူများမှ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်ဖြင့် ထိုးနှံနိုင်ကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)