ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများအား စဉ်ဆက် မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

 

 

ကြာအင်းဆိပ်ကြီး စက်တင်ဘာ ၁၄

လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှုအခြေအနေအရ ကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက် စေရေး ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြိ့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်လည်းအသိပညာ ပေးခြင်းလုပ်ငန်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက် များအတွင်းနှင့် မြို့လယ်လမ်းဆုံနေရာများ ယာယီပျံကျဈေးသို့ သွားရောက်ပြီးကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် ပြန်ကြားချက်များ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ စည်းမျဉ်းစည်း ကမ်းသတ်မှတ်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန် ထားသည့် ပြည်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာ နေထိုင်နိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် နေ့စဉ်စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ခြင်း အသိညာပေး‌ကြေညာ‌ပေးလျက် ရှိကြောင်း သိရသည်။

MMO(iprd)