လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများက ဝန်ထမ်းများအား ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက စက်ရုံ၊ အလုပ်ရုံ(၄)ရုံမှ ဝန်ထမ်း(၁၂၇၅)ဦးကို ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုးနှံပေးခဲ့သော စက်ရုံ၊ အလုပ်ရုံများမှာ ရွှေလင်ပန်းမီးသတ်ဌာနမှ (၅၁၆)ဦး၊ DecoLand (စက္ကူ) စက်ရုံ(၁၉၇)ဦး၊ Diamond Dragon ဆီစက်ရုံမှ(၄၁၃)ဦးနှင့် လှိုင်သာယာပြည်သူ့ဆေးရုံမှ (၁၄၉)ဦး၊ စက်ရုံအလုပ်သမား ကျား(၆၁၀)ဦး၊ မ(၆၆၅)ဦး၊ စုစုပေါင်း (၁၂၇၅)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ပြီး ၎င်းစက်ရုံ၊ အလုပ်ရုံမှ အလုပ်သမားများကို ပထမအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကာကွယ်ဆေး ထိုးရာတွင် ကူညီကြသည့် စေတနာ့ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် အဖိုးအဖွားများ၊ ကုမ္ပဏီများမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ နေ့စား အလုပ်သမားများကို သတ်မှတ်အုပ်စုများအလိုက် နေ့စဉ် ဆက်လက်ထိုးပေးနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝေလွင်ကျော်