စဉ့်ကိုင်မြို့နယ်၌ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ  တောင်သူ(၁၁၉၇)ဦးအား စိုက်ပျိုးစရိတ်ချေးငွေများထုတ်​ချေးပေးပြီးဖြစ်

စဉ့်ကိုင်   စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး  ဘဏ်ခွဲ မှမြို့နယ်အတွင်းရှိ  ကျေးရွာများမှ တောင်သူ(၁၁၉၇)ဦးအား  စပါးနှင့်အခြားသီးနှံများအတွက်   စိုက်ပျိုးစရိတ်ချေးငွေများကို  ထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရသည်။

ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာဦးကြည်စိုးနှင့် ဝန်ထမ်းများကတောင်သူများအား နိုင်ငံတော်မှအတိုးနှုန်းသက်သာစွာဖြင့် စီးပွားရေးအဆင်ပြေစေရေး  စိုက်ပျိုးစရိတ်စရိတ်ချေးငွေများ   ထုတ်ချေးပေးခဲ့ပြီး မိုးစပါး (၁)ဧက လျှင်  ငွေကျပ်(၁၅၀၀၀ဝိ/)နှုန်းဖြင့်လည်းကောင်း  အခြားသီးနှံများဖြစ်သည့် ပဲအမျိုးမျိုး၊ နှမ်း၊ ငရုတ်၊ ကြက်သွန်စသည့်သီးနှံများအတွက် (၁)ဧကလျှင် ငွေကျပ်(၁၀၀၀၀ဝိ/)နှုန်းဖြင့် ထုတ်ချေးပေး ခဲ့သည်။

စဉ့်ကိုင်မြို့နယ်   မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ  အနေဖြင့် ကျေးရွာအုပ်စု (၂၇)အုပ်စုမှ တောင်သူဦးရေ (၁၁၉၇)ဦး  တို့ကို ငွေကျပ် (၇၂၆.၀၀)ကျပ်သန်းအား   ထုတ်ချေးပေးပြီးဖြစ်ရာ ကျန်ရှိနေသည့်ကျေးရွာအုပ်စုမှ    တောင်သူများကိုလည်း    အမြန်ဆုံးထုတ်ချေးပေးနိုင်ရေး  ဆောင် ရွက်လျက်ရှိကြောင်းကို   မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံက သိရသည်။

ညိုညိုဝင်း