ကွန်ဟိန်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆၃)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ အထိ လာရောက်စစ်ဆေးသူ (၂၈၂)ဦး၊ ပိုးတွေ့အတည်ပြုလူနာ( ၆၃)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ (၄၃)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၅)ဦး၊ သေဆုံးလူနာ(၅)ဦး တို့ဖြစ်ပါသည်။
ဆေးကုသမှုခံယူဆဲ လူနာ(၁၅)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ၊ အထူးကုသဆောင်၌ ကြပ်မတ်ကုသပေးလျက်ရှိပြီး ဆေးရုံဆင်းလူနာများနှင့် ကျန်ပိုးမတွေ့ရှိသူများအား Stay At Home နေထိုင်စေ၍ ကျန်းမာရေးလမ်းညွှန်ချက်များအား အထူးဂရုပြုလိုက်နာရန်မှာကြားထားကြောင်း သိရှိရ ပါသည်။
ပြည့်(ကွန်ဟိန်း)