လင်းခေးတွင် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

လင်းခေး          သြဂုတ်     ၁၄

အများပြည်သူတို့ စာပေကို လွယ်လင့်တကူငှားရမ်း ဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည်  ယနေ့ မွန်းလွဲ ၁ နာရီက    လင်းခေးခရိုင်နှင့် မြို့နယ် မီးသတ် တပ်ဖွဲ့ရုံးသို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာကြည့်တိုက် အသင်းဝင်များ တိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဆိုပါဌာနရှိ ဝန်ထမ်းများအား သုတ/ရသစာအုပ်များ၊     မဂ္ဂဇင်း၊ ဝတ္ထုနှင့် ရုပ်ပြစာအုပ်မျိုးစုံ(၆၁)အုပ်အား ငှားရမ်းပေးခဲ့ပြီး ခရိုင်ပြည်သူ့စာကြည့်တိုက် အသင်းဝင်ကတ်ပြား ပြုလုပ်လိုသူများအားလည်း စည်းရုံးဆောင်ရွက် ပေးခဲ့ကြကြောင်း သိရ သည်။

စိုင်းဇော်လတ်(လင်းခေး)