ဆီဆိုင်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ဆီဆိုင်  စက်တင်ဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။  

ထိုသို့ဆောင်ရွက်ရာတွင် ဦးစားပေးအစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများမှပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး ပုံမှန် အနေ အထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်