ဟိုပုံးမြို့၌ ဟိုခိုပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးဆောင်ရွက်ပေး

ဟိုပုံး  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက်၊ ဟိုခိုပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား  ကိုဗစ်-၁၉ ရောဂါကူစက်ပြန့်ပွားမှု မရှိစေရေးအတွက် RDT Test-Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စာသင်တိုက်တွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း ကြီးကြပ်ဆောင်ရွက်၍ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲကာ သံဃာတော်(၃၁)ပါးနှင့် ဝေယျာဝစ္စဆောင်ရွက်သူ(၈)ဦးတို့အား RDT Test-Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးပေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)