ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကြက်ခြေနီအသင်းမှ ဖောင်ကြီးကိုဗစ်ကုသရေးဆေးရုံတွင် သွားရောက်တာဝန် ထမ်းဆောင်နေသူများအား အစားအသောက်၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများပေးအပ်

သင်္ဃန်းကျွန်း စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကြက်​ခြေနီအသင်းမှ ဖောင်ကြီး ကိုဗစ်ကုသရေးဆေးရုံ တွင် သွားရောက်တာဝန် ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်က အစားအသောက်၊ ဆေးဝါးနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့သို့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင် ဦးရန်အောင်မျိုး၊ အရှေ့ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးခင်သန်းတို့မှ ထောက်ပံ့ငွေများ၊ တစ်ကိုယ်ရေ သုံးပစ္စည်းများ၊ ဖုန်းငွေဖြည့်ကတ်များ၊ စား​သောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်များအတွင်း အသီးသီးတာဝန်ထမ်းဆောင်နေကြသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များ ကိုယ်လည်း သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး(ပြန်/ဆက်)