ညောင်ဦးမြို့ခရိုင် ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးမှ တက်ရောက်ကုသနေသည့် ကိုဗစ် -၁၉ ရောဂါလူနာ ပြန်လည်ကျန်းမာလာသဖြင့် ၁၈၅ဦးဆေးရုံးမှဆင်း

 

 

ညောင်ဦး စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင်တက် ရောက်ကုသ နေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ကျား ၉၃ ဦး၊ မ ၉၂ ဦးကျန်းမာရေးကောင်းမွန် သဖြင့် စက်တင်ဘာ ၁၄ရက်နေ့ နံနက် ၈နာရီ ခွဲအချိန်က ဆေးရုံဆင်းခွင့်ပြုခဲ့ကြာင်း ညောင်ဦး ခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံကသိရ သည်။

ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ၍တက်ရောက်ဆေး ကုသမှုခံယူ နေသော ညောင်ဦး မြို့နယ်မှ ၁၈၅ဦးအားကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ဆေးရုံ ဆင်းခွင့်ပြု ရာ၌ညောင်ဦးခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဌ ဦးတိုး လွင်နှင့်ညောင်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ် မှုအဖွဲ့ ဥက္ကဌ ဦးနန်းတင့်တို့က အားပးစကားပြောကြားပြီး ကြက်ဥ ၊Mask ဘူးနှင့်အချို ရည် ကတ်များလက်ဆောင်ပေးအပ်သည်။ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၅ ဦးအား မိမိတို့အိပ်ပြန်လည် ရောက်ရှိသည့်အခါ Home Quarantine ခုနှစ်ရက်နေထိုင် ရမည် ဖြစ်ကာ မိမိတို့အသုံးအဆောင်များတပါးသူမသုံးစေပဲ သီးသန့်နေထိုင်သုံးစေရေး တို့အား ဒေါက်တာ အောင်မြင့်ထွန်းကဆက်လက်မှာကြားသည်။

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကု သမှုခံယူနေသူ ၂၉ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့်ကျား ၅၀ဦး၊မ ၆၁ဦးဆေးဆုံး၊ကာ ကျန်းမာရေးကောင်းမွန်သဖြင့် ၁၈၅ဦး ဆေးရုံကြီး မှဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၃၅ ဦးရှိကြောင်းသိရသည်။

 

ကိုထိန်၊KPD