ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိ

ကျွန်းစု စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၌ယမန်နေ့ကRDT ဖြင့်ကိုဗစ် ၁၉ ရောဂါ ပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများနှင့်ဆက်စပ်ထိတွေ့ သူ များအား (RDT )ဖြင့် စစ်ဆေးခဲ့ရာ တွင် ရတောင်ကျေးရွာကျေးရွာ ()ဦး၊ကံမော်ကျေးရွာ () ဦး၊စုစုပေါင်း(၁၀)ဦး တို့၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကိုဗစ်- ၁၉ရောဂါကြပ်မတ်ကုသဆောင်များတွင် ဆေးဝါး ကုသမှုခံယူလျက်ရှိပြီး၊ ကျွန်းစုမြို့နယ်အတွင်း(၁.၉.၂၀၂၁)  ရက်နေ့အထိ ကိုဗစ် - ၁၉ရောဂါပိုး ကူးစက်ခံရသူ ဦးရေမှာ (၁၁၉၀)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၉၈၆)ဦး၊ဆေးဆက်လက်ကုသမှုခံယူသူ ဦးရေ (၂၀၄)ဦးနှင့် သေဆုံးသူ(၂၀)ဦး ရှိကြောင်း သိရသည်။

အေးသန္တာဖြိုး (ကျွန်းစု)