ဒဂုံမြောက် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း မိုးရာသီကာလ ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ အမှိုက်များ၊ နုံးများဖြင့် ပိတ်ဆို့မှု မဖြစ်ပေါ်စေရေးတို့အတွက် ရေမြောင်းများ ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင်ကိုကိုနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာမှ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၍ (၄၉)ရပ်ကွက် ဗိုလ်သုန် လမ်းတစ်လျှောက် ရေမြောင်းများအား အမှိုက်များ ဆယ်ယူ၍ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ ရေမြောင်းများ အမှိုက်သရိုက်များ ကင်းရှင်းစေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် မြို့နယ်အတွင်း မြောင်းမကြီးများအား ဆက်လက် ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
မြင့်မြင့်ရီ