မြို့လှ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တတိယအကြိမ် ငွေကြေးထောက်ပံ့

မြို့လှ  သြဂုတ်  ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ပေါ် ရပ်ကွက်အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ မြို့လှမြို့ပေါ် ရပ်ကွက်(၄)ခုရှိ အိမ်ထောင်စု (၂၅၀)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀ဝိ/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၅၀၀၀၀၀ဝိ/)ကို မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

မြို့လှမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစာများအတွက် နိုင်ငံတော်အစိုးရမှ ပထမအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စု (၂၁၁)စုအတွက် တစ်အိမ်ထောင်လျှင်  ဆန်(၈)ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲ(၁)ပိသာ၊ ကြက်သွန်နီ(၁)ပိသာကို လည်းကောင်း၊ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် အိမ်ထောင်စု (၃၉)စုအတွက် တစ်အိမ်ထောင်လျှင်  ငွေကျပ်(၁၅၀၀ဝိ/)နှုန်းဖြင့် လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအကြိမ် ထောက်ပံ့ပေးအပ်ခြင်းသည် တတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ရာ ယခင်အကြိမ်များထက် ပိုမိုထောက်ပံ့ ပေးအပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)