နွားထိုးကြီး စက်တင်ဘာ ၁၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှု ကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် (၉၃)ဦးကို စစ်ဆေးရာ (၁၆) ဦးတို့တွင် ပိုးတွေ့သဖြင့် (RDT) ဖြင့် ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံတွေ့ ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၆) ဦးတို့သည် အမှတ်(၁)ရပ်ကွက်မှ (၁)ဦး၊ အမှတ်(၄)ရပ်ကွက်မှ (၃) ဦး၊ နဘဲသာကျေးရွာမှ(၃)ဦး၊ ပဲချက်ကျေးရွာမှ (၈)ဦး၊ ထန်းဂွကျေးရွာမှ (၁)ဦးတို့ နေမကောင်းပြီး အနံ့ပျောက်နေသဖြင့် နွားထိုးကြီးမြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် (RDT) ဖြင့် စစ်ဆေးရာကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံအထူးကုသဆောင် မြို့နယ်အားကစားခန်းမ၊ မိခင် ကလေး၊ မြိုမ- အထက၊ မြို့ရှေ့-အမက၊ ရွာကြီး အထက နေအိမ်တွင်း သီးသန့် ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံတွင် ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရသူ (၁၉၈၁) ဦး၊ ဆေးရုံတက်ကုသသူ (၂၅၈၄) ဦး၊ သေဆုံးသူ(၄၆)ဦး၊ လက်ရှိဆေး ကုသမှုခံယူသူ (၅၂၁)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်