လှိုင်းဘွဲမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ     စက်တင်ဘာ  ၁၃

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြ ဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်များကိုအသိပညာပေးနံရံကပ်စာစောင်းများ ပြသ ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးမှု ဖြစ်ပေါ်လာရခြင်း၏ တွန်းအားပေးချက်များ၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ(၄)ရပ်၊ လူကုန် ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရနိုင်သူများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိက ဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ပါးစပ်၊ နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်ရေး၊ အသုံးပြုနည်းများ စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသ ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)