နွားထိုးကြီး စက်တင်ဘာ ၁၃
နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက က္ခရာကျေးရွာရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို “ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ” ဟူသည့်ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင် မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင် ကြစေရေး၊ လူစုလူဝေးရှောင်စေရေး၊ လက်ကို စက္ကန့်(၂၀) ကြာ မကြာခဏစနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်း သူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ် -၁၉ရောဂါ ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှု ခံယူစေရေး စသည့်အချက်များအား ပြည်သူများသိစေရန် အသိပေးလိုက်လံ နှိုးဆော်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်